ကလောမြို့နယ်တွင် အထူးရဲ သင်တန်းဖွင့်လှစ်

 

ကလော  အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် အထူးရဲ သင်တန်းဖွင့်ပွဲ ကို  ယနေ့ နံနက် ()နာရီ အချိန်ခန့်က အမှတ်()အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပ ခဲ့ သည်။

အဆိုပါဖွင့်ပွဲတွင် ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင် က သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြသစ္စာ က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ခြင်းတို့ ကို ဟောပြောခဲ့သည်။ အဆိုပါသင်တန်းတွင် ကလော မြို့နယ်အတွင်းရှိ ရဲစခန်းမှ စုစုပေါင်း သင်တန်းသား( ၁၄၁ )ဦးခန့်တက်ရောက် ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ အောက်တိုဘာ () ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ် ကြောင်း၊ သင်တန်းဘာသာရပ်များ အနေဖြင့် စစ်ရေးပြသင်တန်း၊ ရဲလက် စွဲဥပဒေ၊ လူ့အခွင့်အရေး အကြောင်းအရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာ အချက် အလက် များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်ဝင်း(ပြန်/ဆက်)