ဆင်ပေါင်ဝဲ အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ ( ၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဆင်ပေါင်ဝဲမြို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ ၊ အုပ်ချုပ်ရေးမှူးများနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကို ( ၁ ) ရက်နေ့မှ ( ၁၄ ) ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်သည် ။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင်လ ( ၂၅ ) ရက်မှ ဩဂုတ်လ ( ၁၄ ) ရက်နေ့အ ထိ ပထမအကြိမ်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယခုတွင် နောက်ဆုံးအကြိမ် အဖြစ် ( ၁၄ ) ရက်ကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ် အဖြစ် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၅၄၅၆ ဦး ရှိပြီးမဲစာရင်းများကြေညာခြင်း လုပ်ငန်းများကို သက်ဆိုင် ရာ ရပ်/ကျေးကော်မရှင်များနှင့်အတူ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲရုံးမှ သိရှိရသည် ။
ချိုချိုဝင်း(ပြန်/ဆက်)