နောင်ချိုမြို့၌ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စည်ပင်သာယာရေးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

နောင်ချို အောက်တိုဘာ

မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် စည်ပင် သာယာရေးဌာနမှ ပြည်သူများသိစေရန်အတွက် လိုက်နာရမည့်စည်းကမ်းချက်များ ပါရှိသည့် ဗီနိုင်းဘုတ်များစိုက်ထူခြင်း၊ Mask နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့နံနက်()နာရီ အချိန်က နောင်ချိုမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်နှင့် ဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ ပူးပေါင်း၍ နောင်ချိုမြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဝင်ထွက်သွားလာနေသော ဈေးသည်များနှင့် ဈေးဝယ်များအား အပြင်ထွက်တိုင်း Mask များကို တပ်ဆင်ကြရန်၊  ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန် ဈေးသည်နှင့်ဈေးဝယ်များ၊ ဈေးများနှင့် ဈေးကြီးကြပ်ရေးကော်မတီများ တိကျစွာ လိုက်နာရမည့်အချက်များပါရှိသည့် ဗွီနိုင်းဘုတ်နှင့်လက်ကမ်းစာစောင် (၇၅၀) ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူများသိစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် လိုက်နာရမည့် အချက်များပါရှိသည့် လက်ကမ်းစာစောင်များကို နောင်ချိုမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လူစည်ကားရာ နေရာများ၌  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို ပြန်/ဆက်