တွံတေး အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများ ပြားလာသဖြင့် လိုအပ်လျက်ရှိသော PPE ဝတ်စုံနှင့် N95Mask များကို လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူညီစောင့်ရှောက်ရေးအဖွဲ့အား လုပ်ငန်းများ ဆောင်ရွက်မှုများတွင် အသုံးပြုရန်အတွက် လှိုင်သာယာ မြို့နယ် အမှတ်၆၅/၆ နဝဒေးအိမ်ယာဝန်းနေ ကိုဝင်းထွန်းမိသားစုမှ တွံတေးမြို့တွင် Quarantine ဝင်ရောက်နေသူ များအတွက် အသုံးပြုရန် ဆေးခေါင်းအုံးဖာ(၁၅၀)ဖာ၊ ကြည်မြင်တိုင်မြို့နယ် သာဓုလမ်းမှ ဦးမြင့်စိုး မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ ရွှေဖားစည်းလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးမှ PPE ဝတ်စုံ(၁၀)စုံနှင့် N95Mask အခု(၂၀)၊ ကိုတေဇာရှိန်မိသားစုမှ PPE ဝတ်စုံ(၁၁)စုံ၊ N95Mask(၂)ခု၊ ဦးသံခဲမိသားစုမှ PPEဝတ်စုံ(၅)စုံနှင့် N95Mask(၁၀)ခု၊ ကိုကျော်ပိုင်မိသားစုမှ PPE ဝတ်စုံ(၅)စုံ၊ ဦးအေဝမ်း(ကုန်စိမ်းပွဲရုံ)မိသားစုမှ PPE ဝတ်စုံ(၅)စုံ၊ ကိုဇော်ဇော်ဦးမိသားစုမှ
(၃)သိန်းကျပ်တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး Positive လူနာများနှင့် ထိစပ်လူနာ များပြားလာသဖြင့် PPE ဝတ်စုံနှင့် N95Mask လိုအပ်နေသည့်အတွက် PPE Level-3 တစ်စုံ ၁၈၀၀၀ ကျပ်၊ N95 Filter Mask တစ်ခု ၁၀၀၀ ကျပ်ဖြင့် မည်သူမဆို ဖော်ပြပါ ဖုန်းနံပတ် ၀၉ ၅၃၉၆၂၇၃၊ KBZ pay 095396273၊ Wave pay 09765396273၊ KBZ acc 16930216900100501 သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)