သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး ရိပ်သာများသို့ ပါးစပ်နှာခေါင်းစည်း Mask များလှူဒါန်း

သန်လျင် အောက်တိုဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိပ်သာများတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များအား ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦး ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားကုန်းကျေးရွာ၊ သဘာဝတရားရိပ်သာနှင့် CMA ဘိုးဘွားရိပ်သာများသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask (၅၀) ဘူး အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါးစပ်နှာခေါင်းစည်း Mask များလှူဒါန်းခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)