စစ်ကိုင်းတိုင်းဒေသကြီးဝန်းသိုမြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်း ဖွင့်လှစ်

ဝန်းသို အောက်တိုဘာ ၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရွက်မည့် အထူး ရဲသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၅၃ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များ၊ မီဒီယာ၊ လူ့အခွင့်အရေး၊ စစ်ရေးပြ၊ ရဲစည်းကမ်း၊ ရဲကျင့်ဝတ်နှင့် အခြားသော သိမှတ် ဖွယ်ရာဘာသာရပ်များကို သင်တန်း ကာလ တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ၊ မြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးလှဦးနှင့် တပ်ဖွဲ့ဝင်များ အထူးရဲသင်တန်းသားများတက်ရောက်ခဲ့ကြပြီး ဝန်းသိုမြို့နယ် တွင် ပထမ အကြိမ် မဲဆန္ဒရှင် စာရင်းအရ မဲရုံ ၅၃ရုံ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၅သောင်းကျော်ရှိရာ အဆိုပါ မဲရုံများတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရန်အတွက် အထူးရဲများကို တာဝန်ချထား ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်မြိုင် (ပြန်/ဆက်)