သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီအထူးရဲများအား သင်တန်းပို့ချ

သဲကုန်း      အောက်တိုဘာ     

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင်အောက်တိုဘာလ ရက်နေ့ နံနက်()နာရီအချိန်က      သဲကုန်းမြို့၊ ရပ်ကွက်() ထန်းရင်းရပ် အမက ကျောင်းတွင် အထူးရဲများသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့. မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်သိန်း၊ သင်တန်းမှူး ဒုရဲအုပ် ဇော်မျိုးသန့်၊ သင်တန်းနည်းပြ ရဲတပ်ကြပ်ကြီး မျိုးသူရဇော်၊ ရဲတပ်ကြပ် သောင်ထိုက်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဒုဦးစီးမှူး ဦးရန်မျိုးအောင်၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးနိုင်လင်း၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း နှင့် ၂၀၂၀ ပြည့်နှစ့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲများ စုစုပေါင်း အင်အား ၃၀ ဦးခန့်တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရဲမှူး ဟန်သိန်းမှ သင်တန်းစည်းမျဉ်း၊စည်းကမ်းများ၊ သင်ကြားပို့ချမည့် ဥပဒေ  ဘာသာရပ်များအလိုက် အဓိက လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းအား စစ်ရေး(လက်နက်မဲ့)လေ့ကျင့်ခြင်း၊ ရာဇသတ်ကြီးဥပဒေဘာသာရပ်၊ ရာဇဝတ်ကျင့် ထုံးဥပဒေဘာ သာရပ်၊ လူ့အခွင့်ရေးဘာသာရပ်၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင် ရာဥပဒေဘာသာရပ်၊ ရဲအက်ဥပဒေဘာသာရပ်တို့အား ရဲတပ်ကြပ်ကြီး မျိုးသူရဇော်မှ ဦးစီး၍ အထူးရဲ (၂၇)ဦးအား နေ့စဉ် ၀၆၀၀ မှ ၁၆၄၀ နာရီချိန်ထိ အောက်တိုဘာ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ စခန်း()ခုအနက် သက်ဆိုင်ရာ ရဲစခန်းများအလိုက် လူဦးရေ (၃၀)ဦးထက်မပိုသော သင်တန်း()ခုခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)