နွားထိုးကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

နွားထိုးကြီး အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၄) ရက်ထုတ် ပြန်ကြေညာသွားမည်ဖြစ်သည်။ နွားထိုးကြီးမြို့နယ်တွင် ဒုတိယ အကြိမ် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၆၁၀၈၆) ဦးရှိပြီး မဲရုံပေါင်း (၂၂၀) ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နိုင်လင်း(ပြန်/ဆက်)