ရွှေဘိုမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် သီရိ မင်္ဂလာ ဘိုးဘွားရိပ်သာသို့ ငွေပဒေသာ ပင်စိုက်ထူ လှူဒါန်း

ရွှေဘို အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက  ငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း အခမ်း အနားကို အောက် တိုဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီက သီရိမင်္ဂလာဘိုးဘွားရိပ်သာ၌ ကျင်းပ၍ စိုက်ထူ လှူဒါန်းခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ရွှေဘိုခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ၊ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် ခရိုင်လှူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်တို့မှ သီရိမင်္ဂလာဘိုးဘွားရိပ်သာ ဂေဟာမှူး ဒေါ်ခင်စိန်ထံ ငွေပဒေသာပင်အဖြစ် (၅)သိန်းကျပ် လှူဒါန်းခဲ့ပြီး ၎င်းဘိုး ဘွားရိပ်သာမှ ဘိုး/ဘွား(၃၀)ဦးတို့အား တစ်နေ့တာ အဟာ ရကျွေး မွေးလှူဒါန်း ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင် ကပြောကြားသည်။

ဘိုးဘွားများအတွက် စီးပွားရေး၊ကျန်းမာရေးနှင့်လှုမှုရေး အတွက်သင့်လျော်သော ဖြေရှင်း ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရန် ထိရောက်အသုံးဝင်သည့် သတင်းအချက် အလက်များ၊ နည်းလမ်းများကို အသုံးပြု၍ ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသော သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံမှုများနှင့်အညီ မိမိတို့နိုင်ငံတွင်လည်း ဆောင်ရွက် နေကြောင်း ၎င်းထံမှသိရသည် ။

ထွန်းမြင့်အောင်(ရွှေဘို)