အလုံမြို့နယ်အ-ထ-က(၇)၌ဖွင့်လှစ်ထားသောCommunity Based Facilities Quarantine Centre သို့ အလှူငွေများလာရောက်လှူဒါန်း

အလုံ​  အောက်တိုဘာ  ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊အလုံမြို့နယ်၊သစ်တောရပ်ကွက်ရှိအထက(၇)ကျောင်း၌ဖွင့်လှစ်ထားရှိသောCommunity Based Facilities Quarantine Centre သို့ယနေ့မွန်းလွဲပိုင်းအချိန်က အလှူငွေများလာရောက် လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင်အလုံမြို့နယ်၊ သစ်​တောရပ်ကွက်၊​ အောင်​ဇေယျကွန်ပလပ်တွင်  နေထိုင်သူအလှူရှင် မိသားစု(၄)စု ကိုယ်စားသစ်​တောရပ်ကွက် အုပ်ချုပ်​ရေးမှူးဦး​​အောင်စိုးမှ အလှူ​ငွေကျပ်၈သိန်းကို ​ပေးအပ်လှူဒါန်းခဲ့ရာမြို့နယ်ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီဥက္ကဌမြို့နယ် အုပ်ချုပ်​ရေးမှူးဦးမြင့်ခိုင်နှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်​ပေးအပ်ခဲ့​ကြောင်းသိရသည်။

အလုံမြို့နယ်တွင်အ-ထ-က(၇)  အလုံနှင့်အ-ထ-က(၄) အလုံတို့တွင် Quarantine Centre (၂)ခုဖွင့်လှစ်​ဆောင်ရွက်ထားရာအဆိုပါ Quarantine Centre များသို့ ​စေတနာရှင် အလှူရှင်များကအလှူ​ငွေများ၊ ကာကွယ်​ရေးသုံးပစ္စည်းများနှင့် စား​သောက်စရာများကို ​နေ့စဥ်မပြတ်လှူဒါန်းလျက်ရှိ​ကြောင်း သိရသည်။

တင်တင်ချို(အလုံ)