ဗန်းမောက် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိမဲရုံးများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအေးမင်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုတို့က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် အထူးရဲခန့်အပ်သင်တန်းပေးရခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် လက်ရှိမဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦးနှုန်း ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ခန့်အပ်သည့် အထူးရဲ ၁၁၃ ဦးအတွက် နှစ်ရာခိုင်နှုန်းကိုလည်း အပိုစုဆောင်းထားရှိကြောင်း၊ အထူးရဲရွေးချယ်ခံရသူများကိုလည်း ယနေ့မှစပြီး သင်တန်းပေး လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ရွေး ကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ အခြေခံစစ်ရေးပြနှင့် စာတွေ့ လက်တွေ့များ သင်ကြားပို့ချမည်ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့ဝင်များအတွက် ရသင့်ရ ထိုက်သော လစာရိက္ခာကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အတွက် အထူးရဲတပ်ဖွဲ့ဝင်များ၏ သက်တမ်းမှာ စတင်ခန့်အပ်သည့် ရက်မှ ရွေးကောက်ပွဲ ကာလအတွင်းအထိသာဖြစ်ကြောင်း၊ အထူးရဲတာဝန်ထမ်းဆောင်ရန် ရွေးချယ် ခံရသူများ သည် မိမိတို့နေထိုင်သည့်ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ဦးစားပေးတာဝန် ပေးထား မည်ဖြစ်ကြောင်း၊ အထူးရဲ၏လုပ်ငန်းတာဝန်များမှာ မဲရုံလုံခြုံရေး၊ မဲဆန္ဒပေးသူများ လွတ်လပ်စွာ မဲပေးနိုင်ရေး၊ မဲရုံပရိဝုဏ်အတွင်း မသက် ဆိုင်သူများ ဝင်ရောက်မှုမရှိစေရေး၊ မဲဆန္ဒလက် မှတ်ထုတ်ယူခြင်းနှင့် မဲလက်မှတ်များ ပြန် လည်ပို့ဆောင်ရာတွင် လုံခြုံရေး လိုက်ပါ ဆောင်ရွက် ခြင်းများကို ဆောင်ရွက်ရမည် ဖြစ် ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက ပြောကြား ခဲ့သည်။
ကျော်စွာ(ဗန်းမောက်)