ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်လှစ်

ဟိုပုံး အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က ..က()ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်းလုံးမှာ တစ်ပြိုင်တည်းကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းအထွေထွေရွေး ကောက်ပွဲကျင်းပဖို့အချိန်အားဖြင့် တစ်လကျော်သာ ကျန်ရှိပြီး ယခုအချိန်ဟာ ရွေးကောက် ပွဲလုံခြုံရေးအကြိုကာလဖြစ်သည့်အတွက် အထူးရဲများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စဆိုင်ရာ စည်းကမ်းများ၊ တာဝန်ဝတ္တရားများ၊ စည်းကမ်းသေဝပ်မှု၊ လက်နက်၊ ဝတ်စားတန်ဆာ၊ ယေဘုယျအား ဖြင့်အထူးရဲများအား မိမိတို့တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားမှု၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ရမှာ ပေါ့လျော့စွာဆောင်ရွက်မှုတို့ကို ကာကွယ်ရန်အထူးရဲတပ်ဖွဲ့ဝင်တွေ သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများနှင့် ကြေငြာစာတမ်းများစသည့် သိမှတ်ဖွယ်ရာများကို ထုတ်နုတ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းတွင်ပို့ချသင်ကြား ပေးလိုက်တဲ့ သင်ခန်းစာတွေကို စနစ်တကျလေ့လာ၍ သန္ဓေတပ်ဖွဲ့ဝင်တွေနဲ့အတူ လက်တွဲ ပြီးအဆင်ပြေစွာ  လုပ်တတ်၊ ကိုင်တတ်၊  တာဝန်ထမ်းဆောင် တတ်အောင်  လေ့ကျင့် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသားများအနေနဲ့ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့အညီ နည်းပြဆရာများရဲ့ သင်ကြားပို့ချမှုကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရန်၊ သင်တန်းကာလမှာ စည်းကမ်းနှင့်အညီနေထိုင်ကြရန်၊ သင်တန်းကပို့ချသည့် သင်ခန်းစာများကို လေ့လာရာတွင် အခက်ခဲအမှားအယွင်းမရှိစေဖို့ မိမိနားမလည် မရှင်းလင်းတဲ့အချက်တွေကို နည်းပြဆရာများ ထံပွင်းလင်းစွာ မေးမြန်းသင်ယူကြရန်၊ မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ဖို့ ဒီသင်တန်း တက်ရောက် နေကြခြင်း ဖြစ်တယ်ဆိုတဲ့ အမျိုးသားရေးခံယူချက် အပြည့်အဝထားရှိ သင်ယူကြရန်နှင့်  လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားစေရေး သတ်မှတ်စည်းကမ်း များနှင့် အညီနေထိုင်သွားကြရန်၊ ကျန်းမာရေးကိုဂရုစိုက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဟိုပုံးမြို့နယ်တွင် မဲရုံပေါင်း (၈၀)ရုံရှိပြီး မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် အထူးရဲတပ်ဖွဲ့(၈၀)ဦး တက်ရောက်ကြမည်ဖြစ်ကာ အဆိုပါသင်တန်းကို အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး