မိုင်းရယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေငြာထားရှိ

မိုင်းရယ်  အောက်တိုဘာ 

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထားကြောင်း သိရသည်။

မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ၂၅--၂၀၂၀ ရက်နေ့မှ ၁၄--၂၀၂၀ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ကြေငြာထားရှိပြီးဖြစ်ရာ ယခုအကြိမ်တွင် ထပ်မံ၍        -၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့ထိ နောက်ဆုံးအကြိမ် ထပ်မံကြေငြာထားသည်။ မိုင်းရယ်မြို့နယ်အတွင်း လူဦးရေ ၆၈၄၃၉ ဦးရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက်မှာ ၄၈၅၄၈ ဦးဖြစ်ကြောင်း သိရှိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ()ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ()ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(-)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်းကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ပြီး လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့(အခမဲ့)ရယူနိုင်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်