ဝေါ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မှ NHL သို့ သံသယလူနာ (၂၂၀)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် တို့အား စက်တင်ဘာ ၂၈ ရက်နေ့က ပေးပို့ထားပြီးစစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ (၈) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့ လူနာများမှာ ရန်ကုန်မှပြန်လာသူများ ထဲမှ (၆)ဦး၊ ထိုင်းပြန် (၂)ဦး၊ စုစုပေါင်း(၈)ဦးဖြစ်ပြီး Quarantine Centre အသီးသီးတွင်ကျန်းမာရေး စောင့်ကြည့် ထားသူများ ဖြစ်ကာကန်တော်ရပ်ကွက်မှ (၁) ဦး၊ အရှေ့ဘက်ကမ်း ရပ်ကွက်မှ(၂) ဦး၊ ဧကရာဇ် ကျေးရွာမှ(၂)ဦး၊ ဖိုးဦးစိန်ကျေးရွာမှ (၁)ဦးနှင့် ရိပ်သာ Quarantine စင်တာမှ(၂) ဦးတို့ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် ထံမှသိရသည်။ အဆိုပါ လူနာများ အားဝေါမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသပေးမည်ဖြစ်ပြီး ယနေ့အထိ ဝေါမြို့နယ် အတွင်းပိုး တွေ့လူနာ(၁၆)ဦးရှိ၍ သက်သာပျောက်ကင်းလာသူ(၅)ဦးရှိကြောင်းသိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)