မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အသက် ၈၀နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသော ဘိုးဘွားများအား ထောက်ပံ့ ငွေပေးအပ်

မြို့သစ် အောက်တိုဘာ  ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၀နှစ်ပြည့် ပြီး (၈၅)နှစ်မပြည့်သေးသော ဘိုးဘွားများအား ကိုဗစ်-၁၉ကာလ ထောက်ပံ့ငွေအဖြစ်ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀/-(ကျပ်သုံးသောင်း)ဖြင့် ထောက်ပံ့ရာ အဆိုပါထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်း က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၂)စု၊ ကျေးရွာပေါင်း(၁၈၀)ရှိကာ အသက်(၈၀) နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသော သက်ကြီးဘိုးဘွား(၁၂၄၇)ဦးရှိပြီး ဘိုးဘွားတစ်ဦးလျှင်၃၀၀၀၀/ဖြင့် စုစုပေါင်း  ထောက်ပံ့ငွေကျပ် ( ၃၇,၄၁၀,၀၀၀/- )အား ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝင်းအိဇွန် (ပြန် /ဆက်)