မိုးမောက် အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ မိုးမောက်မြို့မစျေးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲမှ ၈ နာရီအတွင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကော်မတီဝင် များက စစ်ဆေးခဲ့ကြသည်။
အဆိုပါ ရှောင်တခင်စစ်ဆေးရာတွင် စျေးဝယ်သူ/စျေးရောင်းသူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ စျေးအတွင်းသို့ ဝင်ရောက် ရောင်း/ဝယ်ခြင်း၊ လက်သန့်ဆေးရည်နှင့် လက်ဆေးစင်များ ထားရှိခြင်း၊ စျေးဆိုင်များအား တစ်ဆိုင်နှင့် တစ်ဆိုင် (၆)ပေအကွာ ဖွင့်လှစ်ခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ စျေးအတွင်းသို့ဝင်ရောက်မှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ သိရှိစေရေးအတွက် လက်ကိုင်မိုက်ဖြင့် အသိပေးခြင်း ရှိ/မရှိတို့ကို ရှောင်တခင် စစ်ဆေးရာ စည်းကမ်းတကျ လိုက်နာဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
လွန်းနန်းထွေး