ဒေးဒရဲ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အမှတ်(၁)ရပ်ကွက်ရှိ စည်ပင်သာယာမြို့မဈေးနှင့် အမှတ်(၃) ရပ်ကွက်ရှိ အေဝမ်းဈေးတို့သို့ ယနေ့ နံနက် ၈ နာရီတွင် ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် ဝန်ထမ်းများက မြို့မဈေးနှင့် အေဝမ်းဈေးတို့ရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ဈေးအတွင်း ဝင်ရောက်ပါက ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မှုရှိ၊ မရှိ၊ ဈေးအတွင်းဝင်ရောက်ပါက သတ်မှတ်ထားသည့် လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးခြင်း ရှိ၊ မရှိနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေး အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)