ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိ

ကျွန်းလှ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိရာတွင် ရတနာတန်းဝင် ကျွန်း ၉၀၀၀၊ ပိတောက် ၄၀၀၀၊ ယူကလစ် ၃၀၀၀၊ တမာ ၅၀၀၀၊ ရေတမာ ၃၀၀၀၊ မယ်ဇလီ ၁၅၀၀၊ ပျဉ်းကတိုး ၃၀၀၀၊ စွယ်တော် ၁၀၀၀၊ ခရေ ၅၀၀၊ စုစုပေါင်းပျိုးပင် ၃၀၀၀၀ နှင့် အထူးပျိုးပင်အဖြစ် ခရေ ၁၅၀၀၊ မဟော်ဂနီ ၁၅၀၀၊ ဗန်ဒါ ၅၀၀၊ ပိတောက် ၅၀၀၊ စုစုပေါင်းပျိုးပင် ၄၀၀၀ တို့ကို ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ပျိုးပင်များအား ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် နယ်မြေဒေသစိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အသင်းအဖွဲ့များ၊ ပြည်သူလူထုဖြန့်ဝေ စိုက်ပျိုးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ