မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စနစ်တကျကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

မိုင်းပန်  စက်တင်ဘာ ၃ဝ

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စနစ်တကျ ကပ်ထားကြေညာနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအား  စနစ်တကျ ကပ်ထားကြေညာနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးမှ အတွင်းရေးမှူးတို့နှင့်တွေ့ဆုံ၍ မဲဆန္ဒ ရှင်စာရင်းကပ်ထား ကြေညာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်းနှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြင့် မကြည့်ရှုဘဲ ()ပေခြား စောင့်ဆိုင်းကြည့်ရှုခြင်းစသည့် အချက်များဖြင့် စနစ်တကျကြည့်ရှုစေရန်အတွက် ကြိုတင် ပြင်ဆင်၍ ကပ်ထား ကြေညာ သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်အား အောင်မြင်စွာထမ်းဆောင်နိုင်စေရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲ ကျင်းပရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့အား ဆန္ဒမဲပေးနိုင်ရေးအတွက် မိမိ၏အမည်စာရင်းပါ/မပါ ကြည့်ရှုနိုင်စေရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ () ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)