သီပေါ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက ထောက်ပံ့ငွေ များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ဘိုးဘွားများ လက်ဝယ် အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား တစ်ဦး တစ်လလျှင်ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စတုတ္ထ သုံးလပတ်အတွက် ငွေကျပ် ၃၀၀၀၀ စီအား ဘိုးဘွား(၂၈၅)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၈၅) သိန်း(၅)သောင်းကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)