တာချီလိတ် စက်တင်ဘာ ၃၀
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များက ကုတင် ၁၀၀ ဆန့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီ အချိန်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းရာနေရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်က လာရောက်ကြည့်ရှုပြီး တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုတို့ကို အားပေးစကား ပြောကြားခဲ့သည်။
ထိုသို့လှူဒါန်းခဲ့ကြရာတွင် မူးယစ်အထူးတပ်ဖွဲ့စိတ်မှ ၅ ဦး၊ ရေကြောင်းရဲမှ ၂ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ၅ ဦး၊ ဝမ်ပုံရဲစခန်းမှ ၄ ဦး၊ ဟောင်လိတ် ရဲစခန်းမှ ၄ ဦး၊ တပ်ဖွဲ့ဝင်အမျိုးသမီး ၃ ဦး၊ တပ်ဖွဲ့ဝင်၏သား ၁ ဦး၊ စုစုပေါင်း ၂၄ ဦးရှိပြီး တပ်ဖွဲ့ဝင်များအား ခရိုင်ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကား ပြောကြားကာ အာဟာရဓာတ်ဖြည့်အစာနှင့် အချိုရည်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)