မြို့သစ်မြို့ ယာယီစျေးတွင် သတ်မှတ်ထားသောနေရာများ၌ ရောင်းချမှု ရှိ/မရှိရှောင်တခင်စစ်ဆေး

မြို့သစ် စက်တင်ဘာ ၃၀

မကွေးခရိုင် ၊   မြို့သစ်မြို့တွင်  စည်ပင်သာယာရေးအဖွဲ့၏ စည်ပင်သာယာစျေး ၊ အခွန်လွတ် စျေး  ၊ ယာယီပျံကျစျေးတို့တွင် ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်နေရာများ၌ ရောင်းချမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

စျေးများအတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင် ရေးအတွက်   လူစု လူဝေးမဖြစ်ပေါ်စေရန် စျေးအနီးလမ်းဘေးဝဲယာတွင် ယာယီစျေးကိုစည်ပင်သာယာရေးအဖွဲ့မှ စျေး ရောင်းသူများတစ်ဦးနှင့်တစ်ဦး(၆)ပေကွာရောင်းချနိုင်ရေးသတ်မှတ်ထားသောနေရာများတွင် ရောင်း ချမှု  ရှိ / မရှိစစ်ဆေးခြင်း  ၊  အသိပညာပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက  ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နောက်တစ်ကြိမ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ယာယီပျံကျစျေးသည်များအ နေဖြင့် သတ်မှတ်နေရာများတွင် ရောင်းချရန် လိုက်နာမှုမရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

သန်းဝင်းထွန်း ( ပြန်/ဆက် )