ပခုက္ကူ စက်တင်ဘာ ၃၀
ပခုက္ကူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကိုဗစ်-၁၉ အထောက်အကူပြု လုပ်ငန်းများအတွက် ငွေကျပ် ၁၁၆ သိန်း လှူဒါန်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီအချိန်ခန့်က ပေးအပ်ခဲ့သည်။
ပခုက္ကူမြို့အမှတ် ၁၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဦးအောင်ကျော်၊ ဒေါ်မူမူ ကျော် ဆန်ရောင်းဝယ်ရေး မိသားစုက မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ အထောက်အကူပြု လုပ်ငန်းအတွက် အလှူငွေကျပ် သိန်း ၁၀၀၊ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ အထောက်အကူပြု လုပ်ငန်းအတွက် ကျပ် ၁၀ သိန်း၊ ပခုက္ကူမြို့နယ် ဆယ်ရွာမှ Positive လူနာနှင့်ထိတွေ့ခဲ့သူများအား နှာခေါင်းနှင့်အာခေါင် တို့ပတ်ရယူစစ် ဆေးရန် ၄ဒသမ၅ သိန်းကျပ်၊ အာဟာရဒါနအတွက် ၁ဒသမ၅ သိန်းကျပ် စုစုပေါင်း ငွေကျပ် ၁၁၆ သိန်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေပေးအပ်ပွဲသို့ ပခုက္ကူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊ ပခုက္ကူမြို့နယ် စီမံခန့်ခွဲမှူကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေ နှင့်တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။
ကိုတမာ(ပြန်ဆက်)