ကြို့ပင်ကောက် စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်မှ ပြည်ပပြန်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူ (၂၈)ဦး စုစုပေါင်း(၄၁)ဦးတို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖက်နမူနာများကို အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့ထားရာ ယင်းတို့အနက်မှ (၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ရန်ကုန်မှ ပြန်လာသူတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိရသဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပိုးတွေ့လူနာနေထိုင်ရာ ရုံးချောင်းအုပ်စု ဆည်တော်ဦး ကျေးရွာ ဘုန်းတော်ကြီးကျောင်း facility Quarantine သို့ သွားရောက်ခေါ်ဆောင်ကာ မြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်တွင် သီးခြားထားရှိ၍ ဆေးဝါးကုသမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးထံ မှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက် ရှိလာပြီး ရုံးချောင်းအုပ်စု ဆည်တော်ဦး ကျေးရွာဘုန်းတော်ကြီးကျောင်း facility Quarantine တွင် စောင့်ကြည့် လူနာအဖြစ် ထားရှိသူဖြစ်ကြောင်း ၎င်းအားဆည်တော် ဦးကျေးရွာသို့ လိုက်လံပို့ဆောင်ပေးသော ဆိုင်ကယ်ကယ်ရီမောင်သူအား မြို့နယ်ကိုဗစ် ကော်မတီမှ တာဝန်ရှိသူများမှ လိုက်လံစုံစမ်းလျက်ရှိ ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)