ကလော စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ရုံးတွင် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဌာန မြို့နယ် ဦးစီးအရာရှိ ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက စကားအင်း၊ ဘော်နင်း၊ ဘော်ဆိုင်း၊ သီခေါင်၊ နောင်ရဲ၊ ငုတ်၊ ကျောက်ထပ်၊ နန်းတိုင်း၊ လမိုင်း၊ နန်းနိုင်၊ ဝါးရုံပင်၊ လွယ်အံ စသည့်ကျေးရွာ ၁၂ ရွာ အတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၃၃၃)ကတ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း (ပြန်/ဆက်)