ကျောက်မဲ၌ မြို့နယ်ကိုဗစ်ကော်မတီမှ ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူးနှင့် ကြက်ဥများ သွားရောက်လှူဒါန်း

ကျောက်မဲ စက်တင်ဘာ ၃၀  

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၊ ကြက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိများ လိုက်ပါပြီး သံဃာများသည့်  မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း ကျောင်းနှင့် သီလရှင်ကျောင်း ကျောင်းသို့ ဆန်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ဆီနှင့် ကြက်ဥ အစရှိသည့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသည့်ကာလတွင် သံဃာတော်များ ရက်သတ္တပတ်   ပတ်အတွင်း ဆွမ်းခံထွက်စရာမလိုစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သံဃာတော် အမြောက်အမြား သီတင်းသုံးနေသည့် ကျောင်းများဖြစ်သော ကျောက်မဲမြို့ပေါ်ရှိ ကမ္ဘောဇရှမ်းကျောင်းကြီး၊ ရွှေကျင် ဓမ္မမေဒနီ၊ အောင်မင်္ဂလာ သတ္တမပါလ စသည့် ဘုန်းတော်ကြီးကျောင်း ကျောင်းနှင့် အောင်မင်္ဂလာ သီလရှင်ကျောင်းသို့ တစ်ကျောင်းလျှင် ဆန် ၁၀ အိတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ  တစ်အိတ်စီ၊ ဆီများအပြင် ကြက်လုပ်ငန်းရှင်များအသင်းမှ ကိုဗစ်ကော်မတီသို့ လှူဒါန်းပေးသည့် ကြက်ဥ အလုံး သောင်းတို့ကို ပြန်လည်ခွဲဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

အလားတူ အခြားကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)