တံတားဦး ၊ စက်တင်ဘာ -၃၀
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတောင်တော်-အိမ်မြင့်စံ-ဝံပတေ့ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ကိုယနေ့နံနက်(၈)နာရီက တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် မြို့နယ်တည်ဆောက် ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည် ။
ယခုဆောင်ရွက်သည့်လမ်းသည် ကျေးရွာချင်းဆက် လမ်းဖြစ်ကြောင်း ဒါ့အပြင် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးလုပ်ငန်းများအတွက် အဓိကအားထားသွားလာရသည့် လမ်းဖြစ်ကြောင်းနှင့် ကျေးရွာ၏ကုန်စည်စီးဆင်းမှု လွယ်ကူပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီမရွေး ၊ အချိန်အခါမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း ပြည်သူများ၏ ဒေသအကျိုးကို ရှေးရှုပြီး ဆောင်ရွက်ပေးသည့်အတွက် ဝမ်းသာမိပါကြောင်း အိမ်မြင့်စံ ကျေးရွာ ဦးဝင်းစိုးသန်း၏ ပြောကြားချက်အရသိရသည် ။
ရွှေတောင်တော်-အိမ်မြင့်စံ-ဝံပတေ့ ကျေးရွာခြင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၂.၀၅၂ ကီလိုမီတာ ၊၃.၆၆ မီတာ၊ ၀.၁၇၅ မီတာ ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၂၄၃)သန်းဖြင့် High Impress ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး (၇၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဝင်း ထံမှသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)