နတ်မောက် စက်တင်ဘာ ၃၀
နတ်မောက်မြို့၌ သီးသန့်စောင့်ကြည့် Quarantine Centre (၂)ခုထားရှိရာ စက်တင်ဘာလ (၃၀)ရက်စာရင်း အရ မြို့နယ် သမဝါယမတွင် ကျား(၆)ဦး၊ မ (၆)ဦး ၊ ပြည်သူ့ခန်းမတွင် ကျား(၇)ဦး၊ မ (၄)ဦး၊ စုစုပေါင်း(၂၃)ဦးတို့အား သီးသန့်စောင့်ကြည့်ထားရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Quarantine Centre (၂)ခုရှိ နေရပ်ပြန်များအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ အစားအသောက်များကိုတာဝန်ယူစီစဉ်ဆောင် ရွက်ပေးသည့်အပြင် မနက်တစ်ကြိမ် ၊ ညနေတစ်ကြိမ် အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း (နတ်မောက်)