နွားထိုးကြီး၊ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များ အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ၅နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးကြေညာခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှကြီးကြပ်၍ တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင (Stay at Home)သတ်မှတ်မြို့နယ်များမှ ပြန်လာသူများသည်မိမိတို့ နေအိမ်မရောက်မီသက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများထံကြိုတင် သတင်းပေးပို့ရန်၊ သတင်းပေးပို့မှုမရှိဘဲ မိမိနေထိုင်ရာအိမ်သို့ရောက်ရှိကြောင်းသတင်းရရှိလျှင် အဆိုပါသူနှင့်ထိ ဆက်ခဲ့သည့် မိသားစုများ ပါ Facility Quarantine ဝင်ရောက်ရန် ၊မြို့နယ်ပြင်ပသို့မဖြစ်မနေ ကိစ္စရပ်များအတွက် ခရီးသွားရောက်ရန်ရှိပါက မိမိရပ်ကွက်၊ ကျေးရွာအုပ်စုမှ ထောက်ခံချက်ရယူ၍ သွားရောက်ရန်နှင့်ပြန်လည် ရောက်ရှိပါက(Stay at Home) ၇ ရက်နေရန်၊ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာနေထိုင်ကြရန်နှင့် မဖြစ်မနေကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက မိသားစုဝင် ၁ ဦးသာကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီထွက်ခွာရန်၊(Stay at Home)ဒေသမှမြို့ နယ်အတွင်း ဝင်ရောက်လာပြီး သတင်းပေးပို့ရန် ပျက်ကွက်သူအား တည်ဆဲဥပဒေအရအရေးယူ ဆောင်ရွက်ရန်စသည့် ကျန်းမာရေး ညွှန်ကြားချက်များကို အသိပေးကြေညာလျက်ရှိကြောင်းသိရသည်။
အဆိုပါကျန်းမာရေးညွှန်ကြားချက်များ အသိပေးကြေညာခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ နေ့စဉ်ညနေ ၅ နာရီအချိန်တွင် အသံချဲ့စက်ဖြင့်လှည်လည်အသီ ပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)