ကောလင်းခရိုင် ဝန်းသိုမြို့နယ် ကင်မွန်းခြုံကျေးရွာတွင် ၄ လက်မစက်ရေတွင်း တူး ဖော်ခြင်း လုပ်ငန်း အောင်မြင်ပြီးစီးပြီဖြစ်၍ ရာသီမရွေးသောက်သုံး ရေဖူလုံစွာ သုံးစွဲနိုင် တော့မည်

ဝန်းသို စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် မြို့နယ် ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသရေရရှိရေးလုပ်ငန်း ၄ လက်မ စက်ရေ တွင်း တူးဖော် ခြင်းလုပ်ငန်းကို အောင်မြင်စွာတူးဖော်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာ လူဦးရေ (၂၉၈)ဦးခန့်အတွက် ရာသီဥတုမရွေး သောက်သုံရေဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်ရေပေးရေးဌာနစိတ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြရာ စက်ရေတွင်း အနက်ပေ (၅၀၀)တူးဖော်ပြီး စီး၍ ရေဂါလံ(၂၀၀၀)ဆံ့ ရေလှောင်ကန်တစ်လုံးနှင့် ရေစက်ရုံ တစ်ခုကို ဆက်လက်ဆောင်ရွက်နေပြီဖြစ် ကြောင်း ယခုတစ်ပတ်အတွင်း လုပ်ငန်းအားလုံး ပြီးစီး‌ အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆန်းသစ် ခေတ်ကုမ္ပဏီမှ ဦးနေလင်းထွန်းက လိုက်လံ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် တာဝန်ရှိ သူများက ညှိနိုင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် (၁၃.၉၀) သန်း ဖြင့် ဆန်းသစ်ခေတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်တိုင်ရာရောက် ရေသွယ် စနစ်ကိုလည်း မြို့နယ်ကျေးလက်ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ဦးထွန်းထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)