လက်ပံတန်း စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (Case No.4541) အမျိုးသမီးအား ပြည်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ အနံ့ပြန်လည်ရရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာ၍ ကျန်းမာရေးကောင်းမွန်လာသ ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု/ရွာ လောကသုခ ပရဟိတ အသင်းမှ ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းက လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု/ရွာရှိ ၎င်း၏ နေအိမ်သို့ ရောက်ရှိပြီး လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွန်မှုဖြင့် နေအိမ်တွင် Stay Home (၇)ရက် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)