ဘိုကလေး စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကွင်းဝိုင်းကျေးရွာရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလ စီးပွားရေးပြန်လည်ကုစားသည့် (CERP)အစီအစဉ်အရ ထောက်ပံ့ငွေများအား ယမန်နေ့ညနေ (၅)နာရီ၌ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး နော်ချယ်ရီရွှေနှင့်အဖွဲ့မှ ဘိုးဘွား တစ်ဦးလျှင်(၃)သောင်းကျပ်နှုန်းဖြင့် အဘိုး(၁၅)ဦး၊ အဘွား(၂၁)ဦးတို့အား စုစုပေါင်း ငွေကျပ် (၁,၀၈၀,၀၀၀)အား ပေးအပ်ခဲ့ကြကြောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ စက်တင်ဘာ (၁၅)ရက်နေ့တွင် လည်း အဆိုပါ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နေသည့်ကာလအတွင်း လိုအပ်သည့်ကဏ္ဍများ၌ ကျခံသုံးစွဲနိုင်ရေးအတွက် ရိပ်သာတာဝန်ခံ လက်ဝယ်အရောက် ထောက်ပံ့ငွေ (၅၇၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)