မရမ်းကုန်းမြို့နယ်ကိုဗစ် -၁၉ ကော်မတီသို့အပူချိန်တိုင်း Forehead Temperature Detection Card (၉၀၀)ခု၊ လက်သန့်ဆေးများနှင့်အလှူငွေများလှူဒါန်း

မရမ်းကုန်း စက်တင်ဘာ ၃၀

ကိုဗစ် - ၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မရမ်းကုန်းမြို့နယ် ကိုဗစ် - ၁၉ ကော်မတီသို့အပူချိန်တိုင်းForehead Temperature Detection Card (၉၀၀)ခု၊လက်သန့်ဆေးနှင့် အလှူငွေများ အား ယမန်နေ့နံနက်ပိုင်းကလှူဒါန်းခဲ့ကြသည်။

အဆိုပါအပူချိန်တိုင်းကရိယာ (၉၀၀)နှင့်လက်သန့်ဆေးများကိုအလှူရှင်များ ကိုယ်စားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ကလည်းကောင်း၊ စိန့်ဂျိုစက်ကတ်သလစ်ရဟန်းဖြစ်သင်တန်းကျောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကတ်သလစ်ကိုဗစ် - ၁၉တုန့်ပြန်ရေးပူးပေါင်းအဖွဲ့ (CNCCT) ကလှူဒါန်းသောအလှူငွေ သိန်း(၅၀) ကျပ်ကို ရန်ကုန်တိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကလည်းကောင်း၊အလှူရှင်များလှူဒါန်းသည့်အလှူငွေ ကျပ်(၂၆)သိန်အားအမှတ် (၁)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး ရန်ရှင်းကလည်းကောင်းအသီးသီး ပေးအပ်လှူဒါန်းကြရာမြို့နယ် ကိုဗစ် -၁၉ ကော်မတီဥက္ကဌဦးထွန်းချစ်မှလက်ခံခဲ့ကြောင်းသိရသည်။

အေးအေးအောင် (ပြန်/ဆက်)