အလုံမြို့နယ် Quarantine Centre များအတွက် နှာခေါင်းစည်း(Mask) အခု ၅၀၀၀ လာရောက်လှူဒါန်း

အလုံ စက်တင်ဘာ ၃၀


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင် Facility Based Community Quarantine Centre များကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်းများ(Mask)များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် Grand Royal Group Int'l Co., Ltd  ကိုယ်စား ဦးထွန်းထွန်းအေးမှ နှာခေါင်းစည်း(Mask)  အခု ၅၀၀၀ လာရောက်လှူဒါန်းခဲ့ရာ အလုံမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ က လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို(အလုံ)