လမ်းမတော် စက်တင်ဘာ ၃၀
လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့်နေရာများတွင် လှူဒါန်းနိုင်ရန် အတွက် အမှတ်(၄၁)၊ လှည်းတန်းလမ်းအလှူရှင် ဦးသိန်းဦးမှ နေ့လယ်စာထမင်းဘူး (၈၅)ဘူးနှင့် SINGAPORE Kiasu – Kitchen မိသားစုမှ ညနေစာ ထမင်းဘူး(၁၀၀)ကို We Love Yangon (Lanmadaw)ပရဟိတအဖွဲ့သို့ ထမင်းဘူးများ ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလှူရှင်၊ စေတနာရှင် မိသားစုမှ လှူဒါန်းသော နေ့လယ်စာထမင်းဘူး(၈၅)ဘူး၊ ညနေစာ ထမင်းဘူး(၁၀၀)ဘူးကို အထက(၁)၊ အလက(၁) Community Base Facility Quarantine Centre များရှိ စောင့်ကြည့်ရမည့်လူနာများ နေ့လယ်စာ စားသောက်ရန်နှင့် ညနေစာ စားသောက်ရန်အတွက် ထမင်းဘူးများကို We Love Yangon(Lanmadaw) ပရဟိတအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ရာ Quarantine Centre များမှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက လက်ခံခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စောင့်ကြည့်ရမည့်လူနာများ နေထိုင်ရေး၊ စားသောက်ရေး အဆင်ပြေစေရေးအတွက် အလှူရှင်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ လှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်