လမ်းမတော် စက်တင်ဘာ ၃၀
လမ်းမတော်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက UMFCCI ၌ စက်မှုဇုန်များအတွင်း ကုန်စည်ပို့ဆောင် ရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းများလည်ပတ်နိုင်ရန် QR Pass ထုတ်ပေးထားရှိမှုအခြေအနေ၊ ကုန်စည် စီးဆင်းမှုမှန်ကန်စေရေး၊ စက်မှုဇုန်များအတွင်း လတ်တလော ခွင့်ပြုထားသည့် လုပ်ငန်းများရှိ လုပ်သား စာရင်းကောက်ယူရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်၊ ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာအောင်သိန်း၊ ဦးအေးထွန်း၊ စက်မှုဇုန်ဥက္ကဋ္ဌများ၊ ကုန်စည်ဒိုင် ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်