အထက်မင်းလှ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စား သောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များတွင် ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း များမှ ယမန်နေ့ နံနက် ၉ နာရီကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အများ ပြည်သူ အတွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင် များအနေ ဖြင့် ဈေးရောင်း၊ဈေးဝယ်ခြင်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဈေး ရောင်းသူနှင့် ဈေးဝယ်သူများအကြား ရောဂါ ကူးစက်မှုများ ဖြစ်ပွားရာမှတစ်ဆင့် အတူနေ မိသားစုဝင်များ သို့အဆင့်ဆင့်ကူး စက်မှုများ ဖြစ်ပွားနိုင်သဖြင့် ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန်၊ ပါဆယ်စနစ် (Take away)ဖြင့် ရောင်းချရန်တို့ကိုအသိပေးပြောကြားခဲ့သည်။
အဆိုပါစားသာက်ဆိုင်၊လက်ဘက်ရည်ဆိုင်များအားဆိုင်ထိုင်စနစ်ဖြင့်ဖွင့်လှစ်ရောင်းချခြင်းကို ယာယီပိတ်သိမ်းပြီး ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချ စေခြင်းကို စက်တင်ဘာ လ (၁၄) ရက် နေ့မှစတင်၍ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ အသိပေးခြင်းများ ဆောင်ရွက်ထား ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)