သိန္နီမြို့ အထကကျောင်းလမ်းသား တိုးချဲ့နိုင်ရန် မြေထိန်းနံရံ ကျောင်စီခြင်းလုပ်ငန်းများ ဆောင်ရွက်

သိန္နီ မတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် စည်ပင်သာယာရေးဌာနမှ အထက ကျောင်းလမ်း သွားလာမှု အဆင်ပြေချောမွေ့စေရန်နှင့် လမ်းသားတိုးချဲ့နိုင်ရန်အတွက် မြေထိန်းနံရံကျောက်စီခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိ သည်။

မြေထိန်းနံရံကျောက်စီခြင်းလုပ်ငန်းအား ၂၀၂၂−၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံ ငွေ (၁၉၈.၉၀) သိန်းဖြင့် (၁၉၀×၆×၇) ပေအား ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါလမ်းသည် မြို့တွင်းကတ္တရာလမ်း အကျယ် (၁၂)ပေဖြစ်ပြီး သွားလာသူများ ပိုမိုအဆင်ပြေစေရေးအတွက် နောင်ဘဏ္ဍာရေး နှစ်တွင် လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)