ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံး စာမေးပွဲဖြေဆိုပြီးစီး

ပုဗ္ဗသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ဖြေဆိုခဲ့သည်။

ပုဗ္ဗသီရိမြို့တွင် အခြေခံပညာကျောင်း ပေါင်း(၆၄)ကျောင်းရှိရာ တိုင်းစစ် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်း(၁၆)ကျောင်းတွင် ယနေ့နံနက်ပိုင်းက အထွေထွေ သိပ္ပံဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာ ရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီး ကြပ်ရေးမှူးများ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုး တော် ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)