ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ Grade-9 အတန်း နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး

ကံမ မတ် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ အလယ်တန်းဆင့် (Grade-9) အတန်းများ  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် နှစ်ဆုံး စာမေးပွဲကို ဖေဖော်ဝါရီ  ၂၂ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ (မတ် ၁ ရက်) နံနက်  ၁၁ နာရီတွင် ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကံမမြို့နယ်အတွင်း အလယ်တန်းကျောင်း(၆)ကျောင်း၊  အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ(၃)ကျောင်းတို့တွင်  အလယ်တန်းဆင့် (Grade-9)အတန်း ကျောင်းသား(၂၇၉)ဦး ကျောင်းသူ (၃၀၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၈၃)ဦး အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ပြီကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)