မအူပင် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းက မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အောင်ချက် မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်အန္တရယ်ကင်းဝေးစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးများအား ရှင်းလင်းပြောကြား ဆွေးနွေးသည်။ ဆက်လက်၍ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇော်ထွန်းမှ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များအားရှင်းလင်းပြောကြားဆွေးနွေးရာ တက်ရောက်လာကြသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)