မလှိုင် မတ် ၁
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ ဘွားများအား တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အဖိုးအဖွား (၁၂၃၆)ဦး တို့အား ထောက်ပံ့ ပြီးစီးခဲ့ကြောင်း သိရ သည်။
မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့သည့် ထောက်ပံ့ငွေ ရရှိသော အသက်(၈၅)နှစ်နှင့်အထက်အဘိုး/အဘွားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကာယကံရှင်များထံ အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ ့ပေးအပ်ခဲ့သည်။ အဆိုပါ အဘိုးအဖွားများကို တစ်လလျှင် (၁)သောင်းကျပ်နှုန်းနှင့် (၃)လလျှင်(၁)ကြိမ် ငွေ(၃)သောင်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ မလှိုင်မြို့နယ်တွင် အဘိုး(၄၁၀)ဦး ၊ အဖွား(၈၂၅)ဦး စုစုပေါင်း(၁၂၃၆)ဦးတို့အတွက် စုစုပေါင်း ငွေ(၃၇၀၈၀၀၀၀)ကျပ်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အဘိုးအဖွားများအနက် မလှိုင်မြို့နယ်တွင် အသက်(၁၀၀)နှင့်အထက်(၅)ဦးရှိ၍ ကျား(၁)ဦး ၊ မ(၄)ဦးရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)