တောင်ဥက္ကလာပမြို့နယ်၌ ဥက္ကလာပစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ဆည်းလည်းပဒေသာနှင့် ငှက်မြတ်နားတော်တို့အား အထွတ်တင်မင်္ဂလာကျင်းပခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ မတ်လ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ဥက္ကလာပစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ဆည်းလည်းပဒေသာနှင့် ငှက်မြတ်နားတော်တို့အား အထွက်တင်မင်္ဂလာကျင်းပခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယမန်နေ့ညနေ () နာရီအချိန်က ဥက္ကလာပဘုရား မဟာမုနိဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးအခမ်းအနားကို နမောတဿ () ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ဥက္ကလာပစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ဆည်းလည်းပဒေသာနှင့် ငှက်မြတ်နားတော်တို့အား အထွတ်တင်မင်္ဂလာကျင်းပနိုင်ရေး ဂုဏ်ထူးဆောင်နာယက၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဉီးထူးလွင်က အထွက်တင်မင်္ဂလာ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး နာယကကြီးများအဖွဲ့၊ ဉီးစီးကော်မတီများအဖွဲ့၊ ဆပ်ကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဥက္ကလာပဘုရားရင်ပြင်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းနှင့်အညီ နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အထွတ်တင်မင်္ဂလာအခမ်းအနားကျင်းပရေး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်မြတ်မိုးက ပဉ္စမအကြိမ်အထွတ်တင်မင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဥက္ကလာပစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ဆည်းလည်းပဒေသာနှင့် ငှက်မြတ်နားတော် တို့အား အထွတ်တင်မင်္ဂလာ အခမ်းအနားကျင်းပရေး အထောက်အကူပြုကော်မတီအသီးသီးက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အထွတ်တင်ပူဇော်ရေး၊ ရထားပျံတပ်ဆင်ရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး၊ ဏ္ဍာငွေရှာဖွေရေး၊ စာရင်းနှင့်လုပ်ငန်းစစ်ဆေးရေး၊ ကျန်းမာရေး စသည့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆောင်ရွက်ထားရှိမှုများကို ဂုဏ်ထူးဆောင်နာယက၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးထူးလွင်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဥက္ကလာပဘုရားဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက တက်ရောက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

သီတာအေး