သာယာဝတီမြို့တွင် ပဲတီစိမ်းများ ဆွတ်ခူးချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေရရှိ

သာယာဝတီ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယခုကာလအတွင်း ပဲတီစိမ်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သဖြင့် မြို့နေပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

သာယာဝတီမြို့ ဂရန်သာယာအေးကျေးရွာမှ ဖားရွှေကျော်ကျေးရွာအထိ စိုက်ပျိုးထားရှိသော ပဲတီစိမ်းများ အရင့်မှန်ပြီး ခူးဆွတ်ကာလသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ နေ့စားလုပ်အားခငွေ တစ်နေ့လျှင်အမျိုးသား တစ်ဦးလျှင် ၈၀၀၀ ကျပ်နှင့် အမျိုးသမီး တစ်ဦးလျှင် ၆၀၀၀ ကျပ် ခန့်ရရှိပြီး တင်းတောင်းအရေအတွက်ဖြင့် ခူးဆွတ်ပါက တစ်တင်းလျှင် ခူးဆွတ်ခထိုင်းဘတ်ငွေ ၁၀၀၀ ကျပ်အထိ ရရှိကြောင်း၊ နေ့စားလုပ်အားခများအား ပဲတီစိမ်းခူးဆွတ်ခြင်း၊ အစေ့ထုတ်ပြောင်းများ ခူးဆွတ်ခြင်း၊ တောင်ယာငရုပ်သီးများ ခူးဆွတ်ခြင်းများဖြင့် ရရှိသောကြောင့် မြို့နေပြည်သူများ မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)