မိုင်းလုံ မတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သတ္တမအကြိမ်မြောက် တပေါင်းပွဲဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တပေါင်းပွဲဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသင်း(၉)သင်း ယှဉ်ပြိုင်ကြရာ ရှုံးထွက်ပွဲစဉ်တွင် မိုးပြေအသင်း၊ နားညောင်အသင်း၊ ကျောက်တလုံးအသင်းနှင့် မိုင်းလုံ(ခ)အသင်းတို့ တက်ရောက်ပြီး ယမန်နေ့က မိုင်းလုံ(ခ)အသင်းနှင့် နားညောင်အသင်း ယှဉ်ပြိုင်ကစားရာ နားညောင်အသင်းမှ အနိုင်ရပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားခဲ့ကြောင်း၊ ယနေ့ညနေ(၃) နာရီတွင် မိုးပြေအသင်းနှင့် ကျောက်တလုံးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်၍ နိုင်သည့်အသင်းသည် ဗိုလ်လုပွဲကို (၄.၃.၂၀၂၃)ရက်နေ့တွင် ယှဉ်ပြိုင်ရမည့်အကြောင်းကို အားကာကော်မတီမှ ဦးမောင်မောင်ကျော်ထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)