ပင်လောင်း မတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် ပဥ္စမတန်း(Grade-5)နှင့် အဌမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌ စတင်ဖြေဆိုခဲ့ရာ (Grade-5)စာမေးပွဲအား ဖေဖော်ဝါရီ ၂၈ ရက်နေ့နှင့် (Grade-9)စာမေးပွဲအား ယနေ့တွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် (Grade-5) ခရိုင်စစ်စာမေးပွဲတွင် စာစစ်ဌာန (၁၆၃)ခု ဖွင့်လှစ်၍ စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၉၁)ဦး၊ (Grade-9)ပြည်နယ်စစ် စာမေးပွဲတွင် စာစစ်ဌာန (၅၀)ခု၌ စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၂၄၁)ဦး ဖြေဆိုခဲ့ကြသည်။
အဆိုပါ (Grade-5) ခရိုင်စစ်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကိုလည်းကောင်း၊ ပြည်နယ်စစ်(Grade-9) စာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် အထွေထွေသိပ္ပံဘာသာရပ်များကိုလည်းကောင်း ဖြေဆို ပြီးစီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)