ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဌာန်းပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်တွင် ကုန်းတော်ပေါ်ရှိ အနေကဇာဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ် သတ်များမှ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ကုန်းတန်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားအားပင့်ဖိတ် လျှောက်ထားခဲ့ပြီး စံထူး၊ စံပြ ပဓာနိကာရာမကျောင်းတိုက် ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလတရားတော်မြတ်တို့ကို ခံယူဆောက်တည်ခဲ့ ကြပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ပဌာန်းပစ္စယုဒ္ဒေသပါဠိကို ရွတ်ဖတ်ပူဇော်ခဲ့ ကြပြီး အလှည့်ကျ သံဃာတော်အရှင်သူမြတ်မှ ပဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များကို ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)