ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ပုဇွန်တောင် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းက ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ ၅ ဦး၊ ဒုတိယ အကြိမ် ထိုးနှံသူ ၃ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်) ၁၅ ဦး၊ ထပ်ဆောင်း ကာကွယ်ဆေး (စတုတ္ထအကြိမ်) ၅၁ ဦး ထိုးနှံပေးပြီးကြောင်းနှင့် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်