မအူပင် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အချိန်ပိုသင်ကြားပို့ချခြင်းကို မအူပင်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျာင်း မြတ်ပညာခန်းမတွင် ယနေ့ နံနက် (၉) နာရီက စတင်သင်ကြားပို့ချသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားပို့ချမှုမှာ စနစ်ဟောင်း မှ ကျောင်းပြင်ပဖြေနှင့် ကျောင်းတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၅၀)ကျော်ခန့်အား ဘာသာရပ်အလိုက် ဆရာ/ဆရာမများမှ သင်ကြားပို့ချ ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ သည်။
မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၇)ခုနှင့် ကျောင်းတွင်းဖြေဆိုသူ (၅၁၃)ဦး၊ ကျောင်းပြင်ပ စဖြေဆို သူ (၆၅၇)ဦး၊ ဖြေဆိုသူစုစုပေါင်း (၁၁၇၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)