မုဒုံ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှုအဆင့် (၁) သင်တန်းနှင့်စစ်ဆေး အကဲဖြတ်ခြင်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ရော်ဘာစိုက်ပျိုးရေးပညာရှင်ဦးဝင်းတင်မှ "ရော်ဘာမျိုးသည်အရေးကြီးကြောင်း၊ရော်ဘာမျိုးကောင်းမှ အထွက်ကောင်းမည်ဖြစ်ကြောင်း၊ ထို့ပြင်စိုက်ပျိုးရေးစနစ်သည်လည်း အရေးကြီးကြောင်းစိုက်ပျိုးပြီး ရော်ဘာပင်များအား မှန်ကန်သည့် ပြစုထိန်းသိမ်းနည်းစနစ်များ လိုအပ်ကြောင်း၊ အစေးခြစ်ရာတွင်ရော်ဘာပင်ကိုထိခိုက်မှုမရှိရန် လိုအပ်သဖြင့် အစေးခြစ် လုပ်သားများကို စနစ်တကျသင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများက အခြေခံ အစေးခြစ်နည်းများကို လက်တွေ့တွင် မှန်မှန်ကန်ကန်အသုံးချရန် လိုအပ်ကြောင်း" ပြောကြား သည်။
ဆက်လက်၍ သင်တန်းဆင်းပွဲကိုပြုလုပ်ရာ ပထဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော သင်တန်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ရော်ဘာစိုက်ပျိုးရေးပညာရှင် ဦးဝင်းတင်အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စစ်ဆေးရေးမှူးနှင့် ကြီးကြပ်ရေးမှူးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် သင်တန်း သား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၈ ထိ သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မုဒုံသူ